-
Revelation of John 14
- 1 ထို့နောက် ငါကြည့်လိုက်သောအခါ သိုးငယ်တော်သည် ဇီအွန်တောင်ပေါ်တွင် ရပ်နေသည်ကိုလည်းကောင်း၊ သိုးငယ်တော်နှင့်အတူ မိမိတို့၏အမည်နှင့် ခမည်းတော်၏နာမတော်ကို မိမိတို့နဖူးများပေါ်တွင် ရေးမှတ်ထားကြသော လူပေါင်း တစ်သိန်းလေး သောင်းလေးထောင်တို့ကိုလည်းကောင်း ငါမြင်ရ၏။-
- 2 ထို့နောက် ရေများစီးဆင်းသံနှင့် ကျယ်လောင်သော မိုးထစ်ချုန်းသံကဲ့သို့သော အသံတစ်ခုကို ကောင်းကင်မှ ငါကြားရ၏။ ငါကြားရသောအသံကား စောင်းသမားများ မိမိတို့၏စောင်းကိုတီးခတ်သော အသံနှင့်တူ၏။-
- 3 သူတို့သည် ပလ္လင်တော်ရှေ့၊ သက်ရှိသတ္တဝါလေးဦးတို့ရှေ့နှင့် သက်ကြီးဝါကြီးတို့၏ ရှေ့မှောက်တွင် သီချင်းသစ်ကို သီဆိုကြ လေ၏။ ကမ္ဘာမြေပေါ်မှ ကယ်တင်ခြင်းခံထားရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှအပ မည်သူမျှ ထိုသီချင်းကို မသင်ယူနိုင်ကြပေ။-
- 4 ဤသူတို့သည် မိန်းမများနှင့် ပြစ်မှားကျူးလွန်မှုမရှိဘဲ စင်ကြယ်သူများ၊ သိုးငယ်တော်သွားလေရာအရပ်သို့ လိုက်သောသူများ၊ ဘုရားသခင်နှင့် သိုးငယ်တော်တို့အတွက် သီးဦးသီးဖျားများအဖြစ် လူသားတို့အထဲမှ ရွေးနုတ်ခြင်း ခံထားရသော သူများဖြစ်ကြ၏။-
- 5 သူတို့သည် အပြစ်အနာအဆာ ကင်းသောသူများဖြစ်ကြသောကြောင့် သူတို့၏နှုတ်မှ လိမ်လည်ပြောဆိုခြင်းမရှိပေ။
- 6 ထို့နောက် ကမ္ဘာပေါ်တွင် နေထိုင်သူများ၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုး ပြောသောသူများနှင့် လူမျိုးစု အသီးသီးတို့အား ထာ၀ရတည်မည့် ဧဝံဂေလိတရားတော်ကိုဟောပြောရန် ကောင်းကင်ယံတွင် ပျံသန်းနေသည့် အခြားသော ကောင်းကင်တမန်တော်တစ်ပါးကို ငါမြင်ရ၏။-
- 7 သူက ကျယ်လောင်သောအသံနှင့် ကြွေးကြော်သည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ကိုယ်တော်၏ ဘုန်းတော်ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်စီရင်ဆုံးဖြတ်အံ့သော အချိန်နာရီသည် ကျရောက်လာ လေပြီ။ ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်နှင့် စမ်းရေအိုင်တို့ကို ဖန်ဆင်းတော်မူသော ကိုယ်တော်ကို ရှိခိုးကိုးကွယ်ကြ ကုန်လော့ဟူ၍ ဖြစ်၏။
- 8 ထို့နောက် ဒုတိယကောင်းကင်တမန်တော်သည်လည်း ပေါ်လာ၍ ကြီးကျယ်သော ဘာဘီလွန်မြို့တော်ကြီး ကျဆုံးလေပြီ၊ ကျဆုံးလေပြီ။ သူမသည် တိုင်းနိုင်ငံရှိသမျှတို့အား သူမ၏မစင်ကြယ်သည့် ဆန္ဒရမ္မက်များတည်းဟူသော စပျစ်ရည်ကို သောက်သုံးစေခဲ့သူပင် ဖြစ်သည်ဟုဆိုလေ၏။
- 9 ထို့နောက် တတိယကောင်းကင်တမန်တော်သည်လည်း ပေါ်လာ၍ ကျယ်လောင်သောအသံဖြင့် ဆိုသည်မှာ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကိုကိုးကွယ်ပြီး မိမိ၏လက်၊ သို့မဟုတ် နဖူးပေါ်၌ အမှတ်တံဆိပ်ရှိသောသူ ဟူသမျှသည်၊-
- 10 ဘုရားသခင်၏ အမျက်တော်ဖလားထဲသို့ လောင်းထည့်ထားသော ရောစပ်ထားခြင်းမရှိသည့် အမျက်တော်၏ စပျစ်ရည်ကို သောက်ရလိမ့်မည်။ သူသည် သန့်ရှင်းသော ကောင်းကင်တမန်တော်များနှင့် သိုးငယ်တော်၏ ရှေ့မှောက်တော်တွင် မီးနှင့်လည်းကောင်း၊ ကန့်ငရဲမီးနှင့်လည်းကောင်း ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မည်။-
- 11 သူတို့ကို ညှဉ်းပန်းနှိပ်စက်ရာမှ ထွက်လာသောမီးခိုးငွေ့သည် ကာလအဆက်ဆက်အထက်သို့ တက်လေ၏။ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်၍ ၎င်း၏အမည်နာမအမှတ်တံဆိပ်ကို ရရှိထားသောသူတို့သည် နေ့ညမပြတ် အနားရကြလိမ့်မည် မဟုတ်ဟူ၍ ဖြစ်၏။
- 12 ဤသည်ကား ယေဇူး၌ ယုံကြည်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်များကိုလည်းကောင်း စောင့်ထိန်းကြသော သူတော်သူမြတ်တို့အား တည်ကြည်ခိုင်မာခြင်းရှိရန် နှိုးဆော်ခြင်းပေတည်း။
- 13 ထို့နောက် ငါသည် ကောင်းကင်မှအသံတစ်ခုကို ကြားရ၏။ ၎င်းကဆိုသည်မှာ ဤအရာကိုရေးမှတ်လော့၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ ဟူ၍ဖြစ်လေ၏။ ထိုအခါ ဝိညာဉ်တော်ဘုရားက မင်္ဂလာရှိသည်မှန်ပေ၏၊ သူတို့၏ကောင်းမှုတို့သည် သူတို့နှင့် အတူပါလာသောကြောင့် သူတို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ရခြင်းမှ အနားယူနိုင်ကြ လေပြီဟု မိန့်တော်မူ၏။
- 14 ထို့နောက် ငါကြည့်လိုက်သောအခါ အဖြူရောင်တိမ်တိုက်တစ်ခုကို ငါမြင်ရ၏။ တိမ်တိုက်ပေါ်တွင် လူသားနှင့်တူသော သူတစ်ဦးထိုင်လျက်ရှိပြီး သူ၏ဦးခေါင်းပေါ်တွင် ရွှေသရဖူကိုဆောင်းကာ သူ၏လက်တွင်ထက်သော တံစဉ်တစ်လက်ကို ကိုင်ထား၏။-
- 15 ထိုအခါ အခြားသော ကောင်းကင်တမန်တော်တစ်ပါးသည် ဗိမာန်တော်အတွင်းမှ ထွက်လာ၍ တိမ်တိုက်ပေါ်တွင် ထိုင်နေသော သူထံသို့ ကျယ်လောင်သောအသံဖြင့် ဟစ်အော်သည်မှာ သင်၏တံစဉ်ကိုယူ၍ ရိတ်သိမ်းပါလော့။ အကြောင်း မူကား ကမ္ဘာမြေကြီး၏အသီးအနှံတို့သည် မှည့်ရွမ်းနေပြီဖြစ်၍ ရိတ်သိမ်းရန် အချိန်တန်လေပြီဟုဆို၏။-
- 16 သို့ဖြစ်၍ တိမ်တိုက်ပေါ်တွင် ထိုင်နေသောသူသည် မိမိ၏တံစဉ်ကို ကမ္ဘာမြေပေါ်တွင်ဝှေ့ရမ်းကာ ကမ္ဘာမြေကြီး၏ အသီးအနှံများကို ရိတ်သိမ်းလေ၏။
- 17 ထိုအခါ အခြားသော ကောင်းကင်တမန်တော်တစ်ပါးသည် ကောင်းကင်ရှိဗိမာန်တော်မှ ထွက်လာ၏။ သူ့ထံတွင်လည်း ထက်သောတံစဉ်တစ်လက်ရှိ၏။-
- 18 ထို့နောက် မီးကိုအစိုးရသည့် အခြားသော ကောင်းကင်တမန်တော်တစ်ပါးသည် ယဇ်ပလ္လင်တော်မှ ထွက်လာ၍ တံစဉ်ကိုင်ထားသော တမန်တော်အား ကျယ်လောင်သောအသံနှင့် ပြောသည်မှာ သင်၏တံစဉ်ကိုယူ၍ ကမ္ဘာမြေပေါ်မှ စပျစ်ခိုင်များကို ရိတ်သိမ်းလော့။ အကြောင်းမူကား စပျစ်သီးတို့သည် မှည့်ရွမ်းလျက်ရှိပြီ ဟုဆို၏။-
- 19 သို့ဖြစ်၍ ထိုကောင်းကင်တမန်တော်သည် မိမိ၏တံစဉ်ကို ဝှေ့ရမ်းကာ ကမ္ဘာမြေပေါ်မှ စပျစ်သီးများကို ရိတ်သိမ်းပြီး ၎င်းတို့ကို ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်ရည်ကြိတ်စက်ထဲသို့ ပစ်ချလိုက်လေ၏။-
- 20 ထိုစပျစ်သီးများကို မြို့၏အပြင်ဘက်ရှိ စပျစ်ရည်ကြိတ်စက်တွင် ကြိတ်လိုက်သောအခါ ထွက်လာသော သွေးများသည် မြင်း၏ဇက်ကြိုးကို ထိသည့်တိုင်အောင် မြင့်၍ မိုင်နှစ်ရာကျယ်ဝန်းလေ၏။
-
World English Bible (web)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.